top of page
AdobeStock_358375409_edited.jpg
Family Photo_edited.png
Ulink Logo iteration D (high res)-01.png
For Better Tomorrows, Together With You Today
"Partner for Life"
logo.png
+95-9-94 00 77 773

Enjoy priority arrangements at Ulink's panel of top hospitals

Picture3.jpg
ar yu.jpg
download (2).png
download (1).png
Pun Hlaing Hospital.jpg
Grand Hantha Hospital.jpg
Ulink Panel of Top Hospitals

Going to hospitals/clinics? Here is the process.

Treatment and Claims
amilife.png

Non-emergency Treatment at Panel Clinic / Hospital

Download Center

Member Declaration Letter

hand-cursor-png-click-cursor-hand-icon-1

Pre-Admission Form (English)

hand-cursor-png-click-cursor-hand-icon-1
Contact Details
  • ၁) မိမိရဲ့ ဆေးကုသမှုအတွက် အာမခံဝယ်ယူထားမှုဟာ အကျုံးဝင်ပါသလား?
    ဆေးခန်း (သို့) ဆေးရုံသို့ မသွားရောက်မီ ယူလင့်ခ်မြန်မာulink@mhcasia.com သို့ အောက်ပါ အချက်အလက်များကို ပေးပို့ပါ။ - အမည် - မှတ်ပုံတင်အမှတ် - အာမခံနံပါတ် (သို့) ကုမ္ပဏီအမည် - ဆေးခန်းပြရခြင်းအကြောင်းအရင်း - မည်သည့်ခွဲစိတ်မှု (သို့) လုပ်ဆောင်မှုကို ပြုလုပ်မည်နည်း (ဖော်ပြနိုင်လျှင်) အာမခံကုမ္ပဏီ(သို့) ယူလင့်ခ်မြန်မာမှ အာမခံအကျုံးဝင်မှု ရှိမရှိကို ၄၈ နာရီအတွင်း အကြောင်းပြန်ပေးပါမည်။ အရေးပေါ်စုံစမ်းမှုများအတွက် +959952108822 ကိုခေါ်ဆိုပါ။
  • ၂) ယူလင့်ခ်အဖွဲ့ဝင်ဆေးခန်း/ဆေးရုံတွေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ ဆေးခန်း/ဆေးရုံတွေရဲ့ ကွာခြားချက်က ဘာတွေလဲ?
    အဖွဲ့ဝင်ဆေးခန်း/ ဆေးရုံများကို ယူလင့်ခ်မြန်မာမှ အာမခံစာထုတ်ပေးနိုင်ပါတယ်။ ဆိုလိုသည်မှာ အကယ်၍ဆေးကုသမှုခံယူမယ့် အခြေအနေဟာ အာမခံအကျုံးဝင်ပါက ဆေးခန်း/ဆေးရုံတွေကို ဘာမှပေးစရာမလိုပါဘူး။ ကုန်ကျစရိတ်ကို ဆေးခန်း/ဆေးရုံတွေက ယူလင့်ခ်ထံမှ တောင်းခံမှာဖြစ်ပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ ဆေးခန်း/ဆေးရုံတွေကို ယူလင့်ခ်မြန်မာမှ အာမခံစာထုတ်ပေးနိုင်ခြင်း မရှိပါဘူး။ အကယ်၍ ယူလင့်ခ်အဖွဲ့ဝင်မဟုတ်တဲ့ ဆေးခန်း/ဆေးရုံကို သွားရောက်ခဲ့ပါက ကျသင့်ငွေကို ဦးစွာရှင်းခဲ့ရပါမယ်။ ၎င်းနောက်တွင်မှ MHC အက်ပလီကေးရှင်းကို အသုံးပြု၍ ငွေတောင်းခံလွှာကို တင်သွင်းပေးရမှာဖြစ်ပါတယ်။
  • ၃) အဖွဲ့ဝင် ဆေးခန်း/ဆေးရုံတွေမှာ ကုသမှုကို ဘယ်လိုခံယူနိုင်ပါသလဲ?
    အရေးပေါ်မဟုတ်တဲ့ အခြေအနေ တွေမှာဆိုရင် ယူလင့်ခ်မြန်မာ +959952108822 သို့ ဖုန်းခေါ်ဆို၍ အာမခံစာထုတ်ပေးရန် ဆောင်ရွက်နိုင်ပါတယ်။ အာမခံစာဆိုတာ ကုန်ကျစရိတ်ကို လူနာထံမှမဟုတ်ဘဲ ယူလင့်ခ်မှတောင်းခံနိုင်ရန် ဆေးခန်း/ဆေးရုံများကို အသိပေးသောအကြောင်းကြားစာ တစ်ခုပဲဖြစ်ပါတယ်။ ယူလင့်ခ်မှ အချက်အလက်များကို စိစစ်ပြီးနောက် ဆေးခန်းနှင့် လူနာထံသို့ အာမခံစာကို ပို့ပေးပါမည်။ အာမခံစာမိတ္တူကို ဆေးခန်း/ဆေးရုံ ဧည့်ကြိုကောင်တာ၌ ပြသခြင်းဖြင့် ကုန်ကျစရိတ်စာရင်းစာရွက်ကို ယူလင့်ခ်မြန်မာထံသို့သာ ပေးပို့ပါတော့မည်။ အရေးပေါ်အခြေအနေဆိုပါက အနီးဆုံးအဖွဲ့ဝင် ဆေးခန်း/ဆေးရုံသို့သွားရောက်ကာ အာမခံကတ်ပြားကို ပြသ၍ ယူလင့်ခ်ကို ဆက်သွယ်ပေးရန် ပြောဆိုပါ။ ထို့နောက် ကုသမှုကို ဆက်လက်ခံယူနိုင်ပြီး ကုန်ကျစရိတ်စာရင်းကိုမူ ဆေးခန်းမှ ယူလင့်သို့သာ ပေးပို့မည်ဖြစ်ပါတယ်။
  • ၄) ငွေတောင်းခံလွှာကို ဘယ်လိုတင်သွင်းရမလဲ?
    ငွေတောင်းခံလွှာကို မတင်သွင်းမီ အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ပါ။ - ကုန်ကျစရိတ်စာရင်း မူရင်းစာရွက်များအားလုံး - ငွေတောင်းခံလွှာပုံစံကို ပြည့်စုံအောင်ဖြည့်စွက်ပါ။ (ဤနေရာ၌ရယူနိုင်ပါတယ်။) ပြင်ပလူနာ အမေရိကန်ဒေါ်လာ ၁၀၀ အတွက် ငွေတောင်းခံခြင်း - MHC အပ်ပလီကေးရှင်းကို အသုံးပြု၍ စာရင်းစာရွက်ဓာတ်ပုံများနဲ့ အတူ ငွေတောင်းခံလွှာကို တင်သွင်းပါ။ ပြင်ပလူနာ အမေရိကန်ဒေါ်လာ ၁၀၀ နှင့် အတွင်းလူနာများအတွက် ငွေတောင်းခံခြင်း - MHC အပ်ပလီကေးရှင်းကို အသုံးပြု၍ တင်သွင်းရုံသာမက ယူလင့်ခ်မြန်မာ (အမှတ် ၃၁၂ (အေ) ၅၁ လမ်း (အောက်) မဟာရဝရတ်ကွန်ဒို ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်မြို့) သို့ မူရင်း စာရင်းစာရွက်များနဲ့ ငွေတောင်းခံလွှာပုံစံကို ပေးပို့ရမှာဖြစ်ပါတယ်။
  • ၅) ငွေတောင်းခံခြင်းနဲ့ ပတ်သက်ပြီးအခြေအနေကို ဘယ်လိုသိရမလဲ?
    MHC အပ်ပလီကေးရှင်းကို ဝင်ရောက်၍ ငွေတောင်းခံထားတဲ့ အခြေအနေကို စစ်ဆေးနိုင်ပါတယ်။ အခြားစုံစမ်းမေးမြန်းလိုသည်များရှိပါက +959952108822 သို့ ဖုန်းခေါ်ဆို၍ မေးမြန်းနိုင်ပါတယ်။

Tel: +95 9940077773

 

Email: healthclaims@amilifeassurance.com

 

Address: Room 16-09, Office Tower 2, Times City, Hanthawaddy Road, Kamayut Township, 11041, Yangon

logo.png
bottom of page